Daily Used English Flashcards

(500 cards)

1
Q

ပြောလည်းပြော၊ ပြီးရင် ပြောတဲ့အတိုင်းလည်း လုပ်ပေါ့။

A

Talk the talk and walk the walk.

How well did you know this?
1
Not at all
2
3
4
5
Perfectly
2
Q

နိုင်ငံရေးသမားဟာ အပြောပဲရှိတာ တကယ်လက်တွေ့မလုပ်။

A

The politician talks the talk, but he doesn’t walk the walk.

How well did you know this?
1
Not at all
2
3
4
5
Perfectly
3
Q

ဒီကောင် အဲလို ထိမှကောင်းတယ်။

A

It serves him right.

How well did you know this?
1
Not at all
2
3
4
5
Perfectly
4
Q

နည်းနည်းချင့်ချိန်ပြီးမှ ယုံပေါ့။

A

Take it with a pinch of salt.

How well did you know this?
1
Not at all
2
3
4
5
Perfectly
5
Q

သူပြောတာကို ချင့်ယုံ။

A

Take what he said with a pinch of salt.

How well did you know this?
1
Not at all
2
3
4
5
Perfectly
6
Q

သွယ်ဝိုက်မနေဘဲ တည့်တည့်ပဲ ပြောတော့မယ်။

A

Let me cut to the chase.

How well did you know this?
1
Not at all
2
3
4
5
Perfectly
7
Q

မင်းဘာမှမပြောနိုင်တော့ဘူးမလား။

A

Cat got your tongue?

How well did you know this?
1
Not at all
2
3
4
5
Perfectly
8
Q

တိတ်လှချည်လား။ ဘာတွေစဉ်းစားနေတာလဲ။

A

A penny for your thoughts?

How well did you know this?
1
Not at all
2
3
4
5
Perfectly
9
Q

မင်းသေချာရဲ့လား။ သိပ်သေချာတာပေါ့။

A

Are you sure? I am positive.

How well did you know this?
1
Not at all
2
3
4
5
Perfectly
10
Q

ခုချက်ချင်းပဲ လုပ်လိုက်ပါ့မယ်။

A

I will do it right away.

How well did you know this?
1
Not at all
2
3
4
5
Perfectly
11
Q

အချိန်တွေကို ဟိုလိုလို ဒီလိုလိုနဲ့ မဖြုန်းတီးပါနဲ့။

A

Don’t while away your time.

How well did you know this?
1
Not at all
2
3
4
5
Perfectly
12
Q

ရူးတူးတူးပေါတောတောလုပ်နေတာ ရပ်တော့။

A

Stop fooling around.

How well did you know this?
1
Not at all
2
3
4
5
Perfectly
13
Q

ခရီးထွက်တာ အရမ်းကိုပျော်ခဲ့ကြတယ်။

A

We had a whale of a time on the trip.

How well did you know this?
1
Not at all
2
3
4
5
Perfectly
14
Q

သူစိတ်ကောင်းဝင်နေတယ်။

A

He is in a good mood.

How well did you know this?
1
Not at all
2
3
4
5
Perfectly
15
Q

သူစိတ်ဆိုးနေတယ်။ ရာသီဥတုသိပ်မကောင်းဘူး။

A

He is in a mood.

How well did you know this?
1
Not at all
2
3
4
5
Perfectly
16
Q

ငါ့ကြောင့်လို့သာ အပြစ်ပုံချလိုက်ပါ။

A

Blame it on me.

How well did you know this?
1
Not at all
2
3
4
5
Perfectly
17
Q

သူ ငါ့ကိုတွေ့တော့ မမှတ်မိဘူး။

A

He didn’t recognize me.

How well did you know this?
1
Not at all
2
3
4
5
Perfectly
18
Q

အလုပ်တွေများနေတာလား။

A

Have you been keeping busy?

How well did you know this?
1
Not at all
2
3
4
5
Perfectly
19
Q

ငါမသိဘူး။

A

You got me there. (I don’t know.)

How well did you know this?
1
Not at all
2
3
4
5
Perfectly
20
Q

အလုပ်ကြိုးစားပြီး ဆက်လုပ်လိုက်ကြရအောင်။

A

Nose to the grindstone.

How well did you know this?
1
Not at all
2
3
4
5
Perfectly
21
Q

တစ်ချိန်လုံးအလုပ်ပဲလုပ်နေရ အပန်းဖြေချိန်မရ။

A

All work and no play!

How well did you know this?
1
Not at all
2
3
4
5
Perfectly
22
Q

သောကြာနေ့မို့ တော်သေးတာပေါ့။

A

Thank heavens, it’s Friday.

How well did you know this?
1
Not at all
2
3
4
5
Perfectly
23
Q

ဒါမျိုးအလုပ်တော့ ဘယ်သူလာခိုင်းခိုင်းမလုပ်ဘူး။

A

That’s one job I wouldn’t do.

How well did you know this?
1
Not at all
2
3
4
5
Perfectly
24
Q

တကယ်ကို အသေဆော်နေကြပြီ။

A

The gloves are off now.

How well did you know this?
1
Not at all
2
3
4
5
Perfectly
25
ခုပြောလိုက်တာလေး အရမ်းကောင်းပါတယ်။
That sounds awesome.
26
သူအလုပ်ပြုတ်သွားတယ်လို့ ကောလဟလ ပြောကြတာပဲ။
Rumor has it that he was fired.
27
ဟိုပြောဒီပြော ကောလဟလတွေပါ။
That's just hearsay.
28
ငါ့ကို အထင်မလွဲပါနဲ့။
Don't get me wrong.
29
ပေါက်ကရတွေ။
What nonsense!
30
ကြံကြံဖန်ဖန် မဖြစ်နိုင်တာကွာ။
What a ridiculous idea!
31
ဖုန်းလာနေတယ်။ ကိုင်လိုက်ပါ။
The phone is ringing. Answer it.
32
ငါပြောလို့မပြီးသေးခင် ဖုန်းမချလိုက်ပါနဲ့။
Please don't hang up on me.
33
မင်းငါ့ကို အတင်းအကျပ်ခိုင်းလို့မရဘူး။
You can't force me to do it.
34
ငါ့တို့ ဘာပြောချင်တယ်ဆိုတာ သူသိသွားလောက်ပြီ။
I think he's got the message.
35
ပြောချင်တာ အဲ့အတိုင်းပဲ။
My point, exactly.
36
ဒီကောင် ထူပိန်းလိုက်တာ။
Why is he so thick?
37
တို့မင်္ဂလာဆောင် မင်းလာရမယ်နော်။ လုံးဝ ငြင်းလို့မရဘူး။
You must come to our wedding. I won't take 'no' for an anwer.
38
ဒါမျိုးတွေရိုးနေပြီ။
Been there, done that.
39
မင်းနဲ့ငါ အေးအတူ ပူအမျှ နေခဲ့ကြတယ်။
You and I have been together through thick and thin.
40
သာပေါင်းညာစားတွေကို မုန်းတယ်။
I hate fair-weather friends.
41
ဇာတ်ရှိန်မြင့်လာပြီ။
The plot thickens.
42
အဖြေကို ဘယ်သူမှ သေချာ မသိနိုင်ဘူး။
It's anybody's guess.
43
အများမိုးခါးရေသောက်သလို၊ အများလုပ်သလို လုပ်။
Just go with the crowd.
44
နားဝင်ပီယံရှိလိုက်တာ။ ကြားချင်နေတဲ့ သာယာတဲ့ သတင်းစကားလေး။
It's music to my ears.
45
စိတ်အေးအေးချမ်းချမ်းထားပါ။
Be cool and calm.
46
ဒေါသမထွက်ပါနဲ့။
Don't lose your temper.
47
တိုက်ဆိုင်လိုက်တာ။
What a coincidence!
48
မင်းစိတ်ထဲမှာ ဘာရှိတယ်၊ ဘာစဉ်းစားနေနေတယ်ဆိုတာ ငါသိတယ်။
I can read your mind.
49
ငါဘာတွေးနေတယ်ဆိုတာ မင်းသိတယ်။
You can read my mind.
50
ခဏလေးနေရင် ပြန်လာမယ်။
I'll be back soon.
51
ဘာမှတော့ အပိုင်မတွက်ထားနဲ့။
Don't take anything for granted.
52
ခုထိတော့ အားလုံးကောင်းပါတယ်။
So far, so good.
53
ထင်ထားသလိုတွေဖြစ်မလာဘူး။
Things didn't turn out as expected.
54
ဘဝမှာ အံ့အားသင့်စရာတွေများသား။
Life is full of surprises.
55
ငါမင်းကို ကူညီပါရစေ။
Let me give you a hand.
56
အားလုံးဝိုင်လုပ်လိုက်ကြတော့ အလုပ်မြန်မြန်ပြီးတာပေါ့။
Many hands make light work.
57
အကူအညီတောင်းဖို့ အားနာနေတာ။
I was reluctant to ask for your help.
58
ဆီနဲ့ရေလိုပဲ။
They two are different as chalk and cheese.
59
အချိန်နည်းနည်းပဲရတယ်။
I have very little time.
60
လွယ်လွယ်နဲ့ချတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။
It's not the decision I take lightly.
61
လျှို့ဝှက်ချက်ပေါက်ကြားသွားပြီ။
The secret is out.
62
မင်းသူ့ကိုယုံလို့မရဘူး။
You can't trust him.
63
သူကောင်းကောင်းလုပ်မှာ စိတ်ချရပါတယ်။
We can depend on him to do a good job.
64
အချိန်မှန်အောင်ကြိုးစားပါ။
Please try to be punctual.
65
မင်းငါ့ကို စော်ကားနေတာ။
You are insulting me.
66
ဒါအမျိုးသမီးထုကို စော်ကားလိုက်တာ။
It is insulting to womenfolk.
67
အဲဒီလူဟာ ငပျင်းကောင်းပဲ။
That guy is a lazybones.
68
ငါမင်းကို တောင်းပန်ချင်လို့ပါ။
I want to apologize to you.
69
မင်းပြောတာ လုံးဝမှန်တယ်။
What you said is absolutely right.
70
မင်းပြောတာငါလုံးဝ သဘောတူတယ်။
I couldn't agree with you more.
71
နားမလည်ရင်မေးပါ။
Please ask if you don't understand.
72
မင်းငါနဲ့လိုက်မှာလား။
Are you coming with me?
73
မရောက်သေးဘူးလား။
Are we there yet?
74
ဖြစ်နိုင်သမျှ အမြန်ဆုံး လုပ်လိုက်ပါ့မယ်။
I'll do it as soon as possible.
75
မင်းကို မနက်ဖြန် ဖုန်းဆက်လိုက်မယ်။
I will call you tomorrow.
76
မင်းပြောတာ ငါနားမလည်ဘူး။
I don't get you.
77
သူ အခုလမ်းမှာ လာနေပြီ။
He is on his way.
78
နေလို့ပိုကောင်းသွားပြီ။
I feel much better.
79
ခုတော့လည်း ကျင့်သားရသွားပါပြီ။
I am used to it now.
80
ဒီမှာ ပျော်နေတာ။
I am having fun here.
81
မတန်ပါဘူးကွာ။
It's not worth it.
82
အခု မင်းအလှည့်ပဲ။
It's your turn now.
83
သိသာလွန်းပါတယ်။
It's too obvious.
84
ဖြည်းဖြည်း။
Slow down!
85
အဲ့ဒါကို စဉ်းစားကြည့်ပါ။
Think about it.
86
သူဘာတွေပြောနေတာလဲ။
What is he talking about?
87
မင်းပင်ပန်းနေပုံပဲ။
You look tired.
88
မင်းလိမ်ပြောနေတာ။
You're lying.
89
သွားတော့မလို့လား။
Must you go now?
90
ငါ့ကိုတွေ့တာ အံ့သြသွားလား။
Are you surprised to see me?
91
မင်းအကြောင်း တော်တော် ကြားထားပြီးသားပါ။
I've heard a lot about you.
92
မင်းမိဘတွေကို ငါသတိရ သတင်းမေးကြောင်း ပြောပေးပါ။
Please convey my regards to your parents.
93
နောက်ဆုံးတစ်ခေါက်တွေ့တာ တော်တော်ကြာပြီနော်။
It's been a long time since we last met.
94
ငါ လာနိုင်မှာ မဟုတ်ဘူး။
I won't be able to come.
95
အဲဒါကို စီစဉ်လို့မရဘူး။
It can't be arranged.
96
တစ်ခုလောက် ကူညီပါလား။
Will you do me a favour?
97
နည်းနည်းဘေးကို ဖယ်ပေးပါလား။
Could I ask you to move a little?
98
ငါ့စကားငါတည်ပါတယ်။
I'll keep my word.
99
အေးအေးဆေးဆေးနေပါရစေကွာ။
Give me a break.
100
သူ့ဘာသာတစ်ယောက်တည်း သီးသန့်နေချင်တာ။
He likes to keep to himself.
101
သူက စကားနည်းတယ်။
He is a man of few words.
102
တို့တွေ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်။
We agree to disagree.
103
အိမ်ကို သန့်ရှင်းနေပါစေ။
Keep the house clean, please.
104
လမ်းမှာ အမှိုက်မပစ်ပါနဲ့။
Don't litter in the street.
105
အမှိုက်ကို အမှိုက်ပုံထဲထည့်ပါ။
Put the garbage in the bin.
106
လမ်းကူးရင် မျဉ်းကျားမှကူးပါ။
Cross the road from zebra crossing.
107
မနာလို မဖြစ်နဲ့။
Don't be jealous.
108
ကိုယ့်ဘဝကို တင်းတိမ်ရောင့်ရဲပါတယ်။
I'm content with my life.
109
အလုပ်ကိုသေချာလုပ်။ နားရင်လည်း ကောင်းကောင်းနား။
Work hard and play hard.
110
သူက အရိပ်ပြလည်း အကောင်းမမြင်ဘူး။
He can't take hints.
111
ဆေးလိပ်အရမ်းသောက်ရင် သေလိမ့်မယ်။
Heavy smoking kills.
112
ရာဇဝတ်ဘေး ပြေးမလွတ်ပါဘူး။
Crime never pays.
113
လိမ်ပြောတာ ဘယ်တော့မှမကောင်းဘူး။
It never pays to tell a lie.
114
သူဟာ သိုက်တူးတဲ့မိန်းမပဲ။
She's a gold digger.
115
တို့ ဒီလိုချည်း ဆက်စခန်းသွားလို့မဖြစ်ဘူး။
We can't go on like this.
116
မိဘတွေကို ပြန်မပြောပါနဲ့။
Don't talk back to your parents.
117
ကောင်းကင်ကသာ အဆုံးသတ်ပဲ။
The sky's the limit.
118
ခွင့်လွှတ်ပြီး မေ့ပစ်လိုက်တာ ပိုကောင်းတယ်။
It's better to forgive and forget.
119
သူတို့ စကားများထားကြတယ်။
They had an argument.
120
သူတို့ မခေါ်ကြတော့ဘူး။
They are not on speaking terms.
121
ငါဒီကိုလာတာ တစ်နာရီကြာတယ်။
It took me one hour to get there.
122
ကားလမ်းတွေ အရမ်းပိတ်နေလို့။
The traffic was really bad.
123
တန်းစီပါ။
Please stand in line.
124
ကြားမဖြတ်ပါနဲ့။
Don't jump the queue.
125
ဓါတ်လှေကား ပျက်နေတယ်။
The lift is broken.
126
သူဒီနေ့ ခွင့်ယူထားတယ်။
He is on leave today.
127
မင်းလေကုန်ခံပြီး ပြောမနေနဲ့။
Don't waste your breath.
128
လာဘ်ပေးလာဘ်ယူ လုပ်တာကိုမုန်းတယ်။
I hate bribery.
129
သူတို့က လက်ဖက်ရည်ဖိုး မျှော်နေကြတာ။
They expect some tea money.
130
ဖျားချင်သလိုလိုပဲ။
I am feeling a bit under the weather.
131
သူက ဟိုစပ်စပ် ဒီစပ်စပ်လေ။
He is Jack of all trades.
132
သူ့ကြည့်ရတာ ကြောက်နေပုံပဲ။
He looks scared.
133
လိမ်လိမ်မာမာနေပါ။
Please behave yourself.
134
မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။
There you go agian.
135
ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား။
Can you please forgive me?
136
နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။
I promise I won't do it again.
137
မင်းရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ငါဘာမှမလုပ်ပါဘူး။
I won't do anything against your will.
138
ကလေးက ချစ်စရာလေး။
The baby is so cute.
139
အိမ်ကရှုပ်ပွနေလို့ တောင်းပန်ပါတယ်။
I am sorry the house is in a mess.
140
လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။
Don't give up easily.
141
မပူပါနဲ့။ အားလုံးကောင်းသွားမှာပါ။
Don't worry. Things will be just fine.
142
စားဖူးသမျှ အစားအစာထဲမှာ ဒါအကောင်းဆုံး။
It's the best food I've ever eaten.
143
အင်္ဂလိပ်စာဟာ ငါတို့ရဲ့ မိခင်ဘာသာစကားမဟုတ်ဘူး။
English is not our mother tongue.
144
အင်္ဂလိပ်စာဟာ ကမ္ဘာသုံး ဘာသာစကားပါ။
English is an international language.
145
မင်းလုပ်လိုက်တာ ရှက်ဖို့ကောင်းတယ်။
What you've done is a shameful thing.
146
သူဟာအလုပ်ကို စိတ်မဝင်စားဘူး။
He's not interested in work.
147
သူအလုပ်ပြုတ်သွားတယ်။
He lost his job.
148
သူ့ကို အလုပ်ကထုတ်လိုက်တယ်။
He was fired.
149
ဘဝဆိုတာဒီလိုပါပဲ.
C'est la vie. (That's life.)
150
ငါ ဒါကို မဖြစ်ဖြစ်တဲ့ နည်းနဲ့လုပ်မယ်။
I'll do it by all means.
151
ဆရာက ကျောင်းသားတွေကို ဆူတယ်။
The teacher scolded the students.
152
ဒီအလုပ်ဟာ ငါ့တာဝန်မဟုတ်ဘူး။
I am not responsible for this work.
153
မင်းရဲ့အောင်မြင်မှုတွေအတွက် တို့ဂုဏ်ယူပါတယ်။
We're proud of your achievements.
154
ကားကို အာရုံစိုက်မောင်းပါ။
Pay attention to your driving.
155
ကိုယ့်စာကိုသာ အာရုံစိုက်ပါ။
Just concentrate on your studies.
156
မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတာ သူအရမ်းပျော်ရွှင်စိတ်လှုပ်ရှားတယ်။
She was so thrilled to see her old friends.
157
ငါ့ကျန်းမာရေးက အရင်လောက်မကောင်းတော့ဘူး။
My health isn't as good as before.
158
ငါ တစ်ရက်လောက်အလုပ်ကနေ အနားယူဖို့လိုတယ်။
I need to take a day off.
159
စင်ကာပူက ကလေးတွေဟာ ဘာသာစကားများစွာပြောနိုင်ကြတယ်။
Children in Singapore are multi-lingual.
160
ငါတို့အလုပ်မှာ လစာတိုးတယ်။
We received a pay raise.
161
ဘာသတင်းထူးလဲ။
Any news?
162
ဘာသတင်းသံမှမကြားရတာ အားလုံးအဆင်ပြေနေလို့ပဲ။
No news is good news.
163
သူနဲ့ သွားမငြိစေနဲ့။
Don't mess with him.
164
သူ ဂျူဒိုတတ်တယ်။
He knows Judo.
165
သူရန်လိုနေတယ်။ ဆော်ချင်တာ လက်ကိုယားနေတယ်။
He is itching for a fight.
166
သူ့ကို မနေ့ညက ဆေးရုံတင်လိုက်ရတယ်။
He was hospitalized last night.
167
သူ မနက်ဖြန် ဆေးရုံက ဆင်းရမယ်။
He will be discharged from the hospital tomorrow.
168
မင်းအရှိန်နည်းနည်းမြှင့်ဖို့လိုတယ်။ ပိုပြီးမြန်မြန်လုပ်ပါ။
You need to speed up.
169
မင်းကို ငါမီအောင်မလိုက်နိုင်ဘူး။
I can't catch up with you.
170
ဒိုင်လူကြီး မတရားဘူး။
The referee was not fair.
171
တရားသူကြီးဟာ ဘက်လိုက်တယ်။
The judge was biased.
172
အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး။
All is fair in love and war.
173
အားလုံး အဆင်ပြေရဲ့လား။
Is everything OK?
174
အားလုံးတည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါ။
Everything is under control.
175
သူအစားကြီးတယ်။
He is a big eater.
176
ငါ ဆရာဝန်ပြဖို့လိုပြီ။
I need to see a doctor.
177
သူ အခုနေကောင်းလာပြီ။ သက်သာလာပြီ။
He is recovering now.
178
ငါအပြင်သွားနေတုန်း ဘယ်သူလာသေးလဲ။
Did anyone come when I was out?
179
မနက်စာစားဖို့ ခဏနားကြရအောင်။
Shall we break for lunch?
180
တစ်ပါတ်မှာ ဘယ်နှခါလောက် လေ့ကျင့်ခန်းလုပ်သလဲ။
How often in a week do you work out?
181
သူဟာ တောင့်တောင့်တင်းတင်းရှိတယ်။
He is fit and firm.
182
သူတို့မပြေးခင် အကြောလျှော့နေကြတယ်။
They are limbering up before the run.
183
မင်းအားတဲ့အချိန် ဘာတွေလုပ်သလဲ။
How do you spend your free time?
184
သူအရက်တော်တော်သောက်နိုင်တယ်။
He drinks like a fish.
185
ငါ့အဖေက အရက်လုံးဝမသောက်တဲ့သူ။
My dad is a teetotaler.
186
မင်းအရက်ဖြတ်သင့်တယ်။
You should quit drinking.
187
ငါက ဘီယာပဲ သောက်တတ်သူ။
I am a beer person.
188
ကတိတွေ ကတိတွေ...
Promises! Promises!
189
သူရေချိုးနေတယ်။
He is in the shower now.
190
မင်းနဲ့ မတွေ့ရတာ ကြာလှရောပေါ့။
I haven't seen you for ages.
191
မင်းဘယ်ပျောက်နေတာလဲ။
Where have you been?
192
ပန်းကန်တွေဆေးရမှာတော့ မလုပ်ချင်ဘူး။
I hate to do the dishes.
193
ရင်ဖွင့်ချလိုက်ချင်တယ်။
I want to get it off my chest.
194
သူအရက်သောက်တာ တော်တော်များသွားပြီ။
He has had too much to drink.
195
သူ အရက်နာကျနေလေရဲ့။
He is having a hangover.
196
သူ ရုပ်ရင့်တယ်နော်။
He looks older than his age.
197
သူ အရွယ်တင်တယ်။
She looks younger than her age.
198
သူ ဓါတ်ပုံစားတယ်။
She is photogenic.
199
အိမ်သာထဲမှာ လူရှိတယ်။
The toilet is occupied.
200
မင်းအလုပ်များနေတုန်း နှောင့်ယှက်ရတာ အားနာတယ်။
Sorry to disturb you when you're busy.
201
ငါပြောတာလည်း ဆုံးအောင်နားထောင်ပါဦး။
Please hear me out.
202
ငါစကားပြောနေတုန်း ဖြတ်မပြောပါနဲ့။
Please don't interrupt when I'm talking.
203
နည်းနည်းကျယ်ကျယ်ပြောပါ။
Can you speak up?
204
ကြားရတဲ့သတင်းက ကောင်းလွန်းလို့ ဟုတ်ပါ့မလား။
It's too good to be true.
205
ဖုန်းအားသွင့်ဖို့လိုနေတယ်။
I need to recharge my phone.
206
ကား ဆီကုန်သွားပြီ။
The car is out of gas.
207
ငါ ဘယ်သူနဲ့မှ မပြိုင်ဆိုင်ပါဘူး။
I don't compete with anyone.
208
လောဘကြီးလွန်းရင် ဘာမှမရ။
Grasp all, lose all.
209
အစည်းအဝေးကို အချိန်နောက်ဆုတ်သင့်တယ်။
We should postpone the meeting.
210
ချိန်းထားတဲ့ အချိန်ဇယားလေး ပြန်ပြင်လို့ရမလား။
Can we reschedule the appointment?
211
သူမက စာကြမ်းပိုး။
She is a bookworm.
212
သူဟာ Facebook အရမ်းသုံးတဲ့သူ။
He is an avid Facebook user.
213
စိတ်လျှော့ပါ။ ဒေါသမထွက်ပါနဲ့။
You need to calm down.
214
စိတ်ထိန်းပါ။
Keep your cool.
215
စိတ်ကိုအချိန်မီထိန်းလိုက်နိုင်လို့။
I almost lost my temper.
216
ကားမောင်းနေတုန်း ဒေါသမထွက်ပါနဲ့။
Don't lose your temper while driving.
217
သူဟာ စိတ်ကောင်းရှိတယ်။
She's good-tempered.
218
သူဟာ ဗိုက်ဆာပြီဆိုရင် ဒေါသထွက်တတ်တယ်။
He's bad-tempered when he's hungry.
219
မင်းကို ငါလိမ်ပြောပါ့မလား။
Would I lie to you?
220
စီးပွားရေး ဘယ်လိုနေလဲ။
How is the business?
221
သိပ်မဆိုးပါဘူး။
Not too bad.
222
လူတိုင်းကို သာတူညီမျှဆက်ဆံပါ။
Treat everyone equally.
223
စာကြည့်တိုက်ထဲမှာ တိတ်တိတ်နေပါ။
Keep quite in the library.
224
ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိ။
No one is above the law.
225
ငါ ဥပဒေကိုလိုက်နာပါတယ်။
I abide by the law.
226
ဒါဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်။
It is against the law.
227
အခြေအနေတွေ ပိုကောင်းလာပါပြီ။
Things are looking up.
228
နေ့တိုင်းဒါပဲစားရတာ ငြီးငွေ့လာပြီ။
I get tired of eating the same food every day.
229
ငါ ဘာဆက်လုပ်ရမလဲ။
What should I do next?
230
ငါသာ မင်းနေရာမှာဆို အဲဒီလိုလုပ်မှာမဟုတ်ဘူး။
If I were in you place, I wouldn't do so.
231
သူဟာ စာတော်တဲ့ကျောင်းသား။
He is a bright student.
232
သူ စာသိပ်မလိုက်နိုင်ဘူး။
He is a slow learner.
233
လက်ဖက်ရည်ကျကျသောက်ရင် အိပ်မပျော်ဘူး။
Strong tea keeps me awake.
234
ဒီလက်ဖက်ရည်ကလည်းသောက်ရမှာချိုလွန်းလိုက်တာ။
This tea is too sweet to drink.
235
ကော်ဖီထက် လက်ဖက်ရည်ကိုပိုကြိုက်တယ်။
I prefer tea to coffee.
236
ဂျပန်အစားအစာထက် တရုတ်အစားအစာကိုပိုကြိုက်တယ်။
I prefer Chinese food to Japanese food.
237
စားသောက်ဆိုင်က လူပြည့်ကျပ်နေတယ်။
The restaurant was packed with people.
238
အစားအသောက်ကောင်းပေမယ့် ဈေးနည်းနည်းများတယ်။
The food was yummy, but it's a bit pricy.
239
ထိုင်းစာတွေက စပ်တယ်။
Thai food is quite spicy.
240
ငါပိုက်ဆံတွေ အကုန်သုံးလိုက်ပြီ။
I have spent all of the money.
241
မင်းဒီကားကို ဘယ်လောက်ပေးလိုက်ရလဲ။
How much did this car cost you?
242
ဆရာစာသင်နေတုန်းကျောင်းသားက အိပ်ငိုက်သွားတယ်။
The student dozed off while the teacher was teaching.
243
မင်းရဲ့ အိပ်ခန်းကို သပ်သပ်ရပ်ရပ်သွားလုပ်။
Go and tidy up your bedroom.
244
မီးဖိုချောင်က ရှုပ်ပွနေတာပဲ။
The kitchen is in a mess.
245
မင်း သီချင်းတိုးတိုးဖွင့်လို့ရမလား။
Can you tone down the music?
246
ဘယ်သူမှကြည့်မနေရင် TV ကိုပိတ်လိုက်ပါ။
Switch off the TV if no one is watching.
247
Facebook သုံးတာက အချိန်ဖြုန်းတာလား။
Is it a waste of time to use Facebook?
248
ငါ အားကစားရုံမှာ တစ်ပတ်မှာ လေးရက်လေ့ကျင့်တယ်။
I work out in the gym 4 days a week.
249
ကျန်းမာရေးနဲ့ညီတဲ့ အစားအစာစားတယ်။
I eat healthy food.
250
သူဖျားနေတယ်။
He is having a fever.
251
သူကိုယ်တွေ တော်တော်ပူနေတယ်။
She is running a temperature.
252
မူးရင်မမောင်းနဲ့။
Don't drink and drive.
253
သက်ကြီးရွယ်အိုများကို ဦးစားပေးပါ။
Give priority to the elderly.
254
ဆူညံတဲ့ TV ကြော်ငြာတွေ မုန်းလိုက်တာ။
I hate noisy TV commercials.
255
လမ်းမှာ ကျွန်တော့်ကား ပျက်သွားလို့။
My car broke down on the way.
256
ကားဘီးပေါက်သွားလို့။
My car had a flat tire.
257
နင်အရင်လိုပဲ လှပါသေးတယ်။
You look as pretty as before.
258
သူကစကားကို တည့်တိုးပြောတယ်။
He does not mince words.
259
သူက အပြောချိုတဲ့သူ။
He is a sweet talker.
260
မင်းဘာရှာနေတာလဲ။
What are you looking for?
261
တစ်ခုခုပျောက်သွားလို့လား။
Have you lost anything?
262
ငါပျောက်သွားတာကို ပြန်ရှာတွေ့ပြီ။
I found what I had lost.
263
သူ မနှစ်က ကျောင်းပြီးသွားပြီ။
He graduated from the university last year.
264
သူကျောင်းထွက်လိုက်တယ်။
He dropped out of school.
265
သူ အထက်တန်းကျောင်းမပြီးခဲ့ဘူး။
He is a high school drop-out.
266
သူကျောင်းထုတ်ခံခဲ့ရတယ်။
He was expelled from school.
267
သူဟာ အသက်ငယ်ပေမယ့် ရင့်ကျက်တယ်။
He is quite mature for his young age.
268
သူဟာ အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ကလေး။
He is a spoilt child.
269
ကလေးတွေကိုအရမ်းအလိုမလိုက်ပါနဲ့။
Don't pamper your children too much.
270
မင်းကိုပဲ မကြာမကြာသတိရနေတာ။
I think of you from time to time.
271
ငယ်သူငယ်ချင်းတွေကို လွမ်းတယ်။
I miss my childhood friends.
272
ရှေ့လ မင်းနဲ့တါေ့ဖို့ မျှော်နေပါတယ်။
I look forward to meeting you next month.
273
ဒီအစည်းအဝေးကို ဘာကြောင့်ခေါ်တာလဲ။
Why is this meeting called?
274
သူ ဘုန်းကြီးကျောင်းကို ပိုက်ဆံတွေ အများကြီးလှူခဲ့တယ်။
He donated a lot of money to the monastery.
275
ငါ့မှာ ဘာမှအရေးတကြီးလုပ်စရာမရှိပါဘူး။
I have nothing important to do.
276
သူ ရည်းစားတွေ အများကြီးထားခဲ့တယ်။
He has dated a lot of women.
277
သူဟာမြာပွေတယ်။
He is a lady-killer.
278
သူမဟာ ယောက်ျားငယ်ငယ်လေးတွေနဲ့ ရှုပ်ချင်တယ်။
She likes to flirt with young men.
279
သူဟာ ပေါင်းရသင်းရလွယ်တဲ့သူ။
He is easy to get along with.
280
ကျွန်တော် ကမ္ဘာအနှံ့ခရီးသွားချင်တယ်။
I'd like to travel all over the world.
281
သူက ရန်ကုန်မြို့ထဲမှာနေတယ်။
She lives in downtown Yangon.
282
သူက မြို့ပြင်မှာနေတာ။
He lives in the suburb.
283
သူက အလိုလိုက်တဲ့မိဘတွေနဲ့ ကြီးပြင်းခဲ့ရတယ်။
He was brought up by indulgent parents.
284
သူက အိပ်ရင် အကျယ်ကြီးဟောက်တယ်။
He snores loudly when he sleeps.
285
သူက အအိပ်ဆတ်တယ်။
He is a light sleeper.
286
သူက မနက်စောစောအိပ်ရာထကျင့်ရှိတယ်။
He is an early riser.
287
မင်းရဲ့ဖုန်းလာနေတယ်။
Your phone is rining.
288
မနက်စောစောဘာစားခဲ့လဲ။
What did you have for breakfast?
289
ညစာ ဘာစားချင်လဲ။
What would you like to have for dinner?
290
သူ့ကို မြင်ဖူးသလိုပဲ။
His face looks familiar.
291
သူ့နာမည်ကို စဉ်းစားလို့မရဘူး။
I just can't recall his name.
292
သူဟာ မေ့တတ်တယ်။
He is absent-minded.
293
ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်ပါ။
Take the medicine according to the doctor's instructions.
294
သူ့ကြည့်ရတာ ကျက်သရေရှိလိုက်တာ။
She looks very elegant.
295
မင်းအိမ်ကနေရုံးကို ဘယ်လိုသွားသလဲ။
How do you commute from your home to the office?
296
ပိတ်ရက်တိုင်း သူက ဈေးဝယ်ထွက်ရတာကြိုက်တယ်။
She likes to go shopping every weekend.
297
ထမင်းစားပြီးပြီလား။
Have you had your lunch?
298
မင်းဒီတစ်ပါတ်လုံးအလုပ်များသလား။
Are you busy this whole week?
299
ဒီနေ့ အပြင်သွားစရာရှိလား။
Do you have to go out today?
300
ဘုရားကို မနက်စောစောသွားတာ ပိုကောင်းတယ်။
It's better to go to the pagoda early in the morning.
301
ထမင်းစားပြီးတိုင်း သွားတိုက်ပါ။
Brush your teeth after every meal.
302
အိပ်ရာမဝင်ခင် ခြေထောက်ဆေးပါ။
Wash your feet before going to bed.
303
မင်း ဘယ်အချိန်အိပ်ရာဝင်တတ်လဲ။
What time do you usually go to bed?
304
သူ့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းတတ်နေတယ်။
His children are studying abroad.
305
တရုတ်စကားဟာ အင်္ဂလိပ်စကားလောက်တော့ အရေးမကြီးပါဘူး။
Chinese is not as important as English.
306
အမေဟာ တစ်နေ့ကို တစ်နာရီ နေ့တိုင်းတရားထိုင်တယ်။
My mom sits in meditation for an hour every day.
307
သူဟာ ညနေတိုင်း ရွရွပြေးတယ်။
He goes jogging every evening.
308
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။
Every medicine has side effects.
309
Social media ကို မှန်ကန်စွာအသုံးပြုပါ။
Make proper use of the social media.
310
ဟင်းချက်ရမှာပျင်းလို့ အပြင်ဆိုင်မှာပဲစားတယ်။
I am too lazy to cook, so I usually eat out.
311
ကျွန်တော် အဲ့ဒါကိုဆက်ဆက်လုပ်ပါ့မယ်။
I will do it without fail.
312
မင်းက အဖေထက် အမေနဲ့ ပိုတူတယ်။
You look more like your mother than your father.
313
ကောင်လေးက ယဉ်ကျေးတယ်။
He is a very polite boy.
314
သူတို့ မင်းနောက်ကွယ်မှာ မင်းအကြောင်းတွေပြောတယ်။
They talk behind your back.
315
သူ အမွေတွေအများကြီးရလိုက်တယ်။
He came into a big inheritance.
316
သူက ဇိမ်ခံအိမ်ကြီးမှာနေတာ။
He lives in a mansion.
317
စတိုခန်းထဲမှာ တိုလီမိုလီတွေထားတယ်။
We keep odds and ends in the store room.
318
သူဟာ အဘွားအတွက် တောက်တိုမယ်ရလေးတွေလုပ်ပေးတယ်။
He does odd jobs for his grandmother.
319
မင်း ကိုယ့်အားကိုယ်ကိုးရမယ်။
You need to depend on yourself.
320
အိုစာမင်းစာ လုံလောက်အောင်စုပါ။
Save enough for your old age.
321
ရှေ့နှစ်မှာ သူအငြိမ်းစားယူမယ်။
He will retire next year.
322
သူအစိုးရဆီက ပင်စင်ရတယ်။
He gets a pension from the government.
323
သူက လူပျိုသိုးကြီး။
He is a confirmed bachelor.
324
အပျိုကြီးဆိုတော့ သူဟာ မောင်နှမတွေအပေါ်မှာပဲ အားကိုးနေရတယ်။
As a spinster, she has to depend on her siblings.
325
သူဟာ အစားဂျီးများတယ်။
She is a picky eater.
326
သူဟာ အစာရွေးလွန်းတယ်။
She is particular about what she eats.
327
အဖေက သက်သတ်လွတ်ပဲစားတဲ့သူ။
My dad is a strict vegetarian.
328
သက်သတ်လွတ်ထမင်း ဘယ်မှာရနိုင်မလဲ။
Where can I find vegetarian food?
329
ငါဝမ်းချုပ်နေတယ်။
I am constipated.
330
နှာစေးနေတယ်။
I have a runny nose.
331
ချောင်းဆိုးနေတယ်။
I am having a cough.
332
အာသီးရောင်နေတယ်။
I am having a sore throat.
333
ဗိုက်မကောင်းဘူး။
I am having an upset stomach.
334
ခေါင်းမူးနေတယ်။
I am feeling dizzy.
335
သောက်ထားတဲ့ဆေးကြောင့် အိပ်ချင်နေတယ်။
The medicine I took made me drowsy.
336
ရှေ့အပတ် ကျောင်းက သူငယ်ချင်းဟောင်းတွေနဲ့ မိတ်ဆုံစားပွဲရှိတယ်။
We are having a gathering with old school mates next week.
337
ဗြုန်းစားကြီးဆိုသလို ငါဝိတ်တွေ အရမ်းတက်လာတယ်။
All of a sudden, I've put on a lot of weight.
338
ချိုတဲ့အစားအစာတွေ ရှောင်မှဖြစ်မယ်။
I have to stay away from sugary foods.
339
ငါက အချိုကြိုက်တယ်။
I have a sweet tooth.
340
ငါ အမေ့အတွက် ဟိုသွားဒီသွားလေးတွေ လုပ်ပေးရတယ်။
I run errands for my mom.
341
သူဟာ တစ်ချိန်လုံး အလုပ်များနေတဲ့သူ။
He is busy 24-7.
342
ပြောရတာလွယ်သလောက် လက်တွေ့လုပ်ဖို့တော့ ခက်သား။
It is easier said than done.
343
နေ့လည်စာ စားပြီးရင် ခဏလောက် တစ်ရေးအိပ်ချင်တယ်။
I want to take a nap after lunch.
344
သူ့မိန်းမက ဂဂျီဂဂျောင်ကြီး။
He has a nagging wife.
345
ဆင်းရဲတဲ့သူတွေကို သူအထင်သေးတယ်။
He looks down on the poor people.
346
သူ အသားဖြူတယ်။
She has a fair complexion.
347
သူ (နေလောင်ထားသလို) အသားညိုတယ်။
He has a tanned complexion.
348
သူက ပုပုတိုတို။
He is short and stumpy.
349
သူက ရှည်ရှည်သွယ်သွယ်။
She is tall and slender.
350
ကလေးက ဝဝကစ်ကစ်လေး။
The baby is chubby.
351
သူမက ဝဝပြည့်ပြည့်လေး။
She is quite plump.
352
သူမက ကောက်ကြောင်းလှတယ်။
She has a curvy figure.
353
သူက ဘီယာဗိုက်နဲ့။
He has a beer belly.
354
ပေါ့ပေါ့ပါးပါး အဝတ်တွေပဲဝတ်ချင်တယ်။
I like to wear casual clothers
355
သူဟာ နေ့ရောညပါ ကွန်ပျူတာဂိမ်းဆော့တတ်တယ်။
He plays computer games day and night.
356
မိဘတွေက သူ့ကို အိမ်ပေါ်က နှင်ချလိုက်တယ်။
His parents kicked him out of the house.
357
သူ ဖဲရိုက်တာကို စွဲနေတယ်။
He is addicted to playing cards.
358
သူ ဘောလုံးပွဲလောင်းတယ်။
He likes to gamble on football.
359
သူဟာ အိမ်သန့်ရှင်းရေးလုပ်ရမှာကို ပျင်းတယ်။
She is lazy to clean up the house.
360
အဘွားဟာ ညစဉ် အိပ်ရာမဝင်ခင်မှာ ပုတီးစိပ်တယ်။
Grandma counts beads every night before going to bed.
361
မနက်ဖြန်ခရီးအတွက် အထုပ်ပြင်ရမယ်။
I need to pack for the trip tomorrow.
362
မစားခင်မှာ ဟင်းကိုပြန်နွှေးပါ။
Reheat the curry before your eat.
363
မင်း ကြိုတင်စီမံဖို့လိုတယ်။
You need to plan ahead.
364
သူဟာ သူ့ပြိုင်ဘက်တွေရဲ့ ရှေ့မှာ ဦးဆောင်နေတယ်။
He is ahead of his competitors.
365
သူခေါင်းသိပ်မာတယ်။
He is quite stubborn.
366
သူဟာ အဖွဲ့အစည်းနဲ့ ပါဝင်ဆောင်ရွက်တတ်သူမဟုတ်။
He is not a team-player.
367
ကိုယ့်ကျေးဇူးရှင်တွေကို ဘယ်တော့မှ မမေ့ပါနဲ့။
Never forget your benefactors.
368
နာမည်ကောင်းတစ်ခုဟာ ဘယ်တော့မှ မသေဘူး။
A good name never dies.
369
သူဟာ ငါ့ကို မမြင်ချင်ယောင်ဆောင်သွားတယ်။
He pretended as if he didn't see me.
370
သူ့ကိုတွေ့တိုင်း ငါဟိုဘက်လှည့်ပြီး မမြင်ယောင်ဆောင်နေလိုက်တယ်။
I look the other way whenever I see him.
371
သူဟာ မိန်းမကြောက်ရတဲ့သူ၊ သူ့ရဲ့ မိန်းမကို ဘယ်တော့မှ ဆန့်ကျင်ရဲတာမဟုတ်ဘူး။
He is a henpecked husband, who never dares to contradict his wife.
372
သူဟာ ကလေးငယ်တွေကို အနိုင်ကျင့်တတ်တယ်။
He likes to bully the smaller kids.
373
သူဟာ သူ့ကိုယ်သူအရမ်း အဟုတ်ကြီးထင်နေတာ။
He is so full of himself.
374
သူဟာ သိပ်မောက်မာတယ်။
He is quite arrogant.
375
မင်းကိုငါ လေယာဉ်ကွင်းလိုက်ပို့မယ်။
I will see you off at the airport.
376
မင်းရဲ့ကျောင်းမှာ ချပေးမယ်။
I can drop you off at your school.
377
မင်းကို ငါလေယာဉ်ကွင်းမှာ လာကြိုမယ်။
I will come to meet you at the airport.
378
ယာဉ်မောင်းဟာ အိမ်ဖော်နဲ့ ခိုးရာလိုက်ပြေးတယ်။
The driver eloped with the maid.
379
ငါ ကုန်ခြောက်လေးတွေဝယ်ရမယ်။
I need to buy some groceries.
380
မင်းပြောတာကို ငါလုံးဝသဘောတူပါတယ်။
I quite agree with you.
381
ငါ ပြောချင်တာ ဒါမဟုတ်ဘူး။
That's not what I mean.
382
ကဲ ဒီလိုပြောကြည့်မယ်ကွာ။
Well, let me put it this way.
383
ဒီနေ့ တော်တော်ပူတယ်။
It is sizzling hot today.
384
ငါ ချွေးတွေ အရမ်းထွက်နေပြီ။
I am bathing in sweat.
385
အဲယားကွန်းဖွင့်လိုက်ပါလား။
Can you turn on the aircon?
386
နေ့တိုင်း တက္ကစီ စီးတာ စရိတ်ကြီးတာပေါ့။
It is costly to take a cab every day.
387
စားသုံးသူ၊ ဖောက်သည်ဟာ အမြဲမှန်ပါတယ်။
Customer is always right.
388
သူဟာ သူရဲဘောကြောင်သူ။
He is such a coward.
389
သူဟာ ကြောက်တတ်တဲ့ကောင်မလေး။
She is a timid girl.
390
ငါတို့တွေဟာ ဘဝတူတွေပဲ။
We are in the same boat.
391
အလုပ်ကို ဘယ်တော့မှ တန်းလန်းမထားခဲ့နဲ့။
Never leave your work unfinished.
392
အဲဒီ မိန်းမကို လက်ထပ်ခဲ့မိတာကို သူနောင်တရနေတယ်။
He regrets having married that woman.
393
အလုပ်အသစ်ပြောင်းမလားလို့ စဉ်းစားနေတာ။
I've been thinking of a career change.
394
ဒီအလုပ်က လခမကောင်းဘူး။
This job doesn't pay well.
395
ငါ့အတွေ့အကြုံနဲ့ဆို လခပိုကောင်းတဲ့ အလုပ်ကောင်းကောင်းရနိုင်တယ်။
With my experience, I can find a better job with a better pay.
396
မင်းကို ငါအော်လိုက်မိတာ တောင်းပန်ပါတယ်။
I'm sorry that I yelled at you.
397
ငါစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတယ်။
I wasn't myself.
398
နောက်ဒါမျိုးထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။
I promise that I won't do it again.
399
မကျေနပ်တာတွေပြောနေလို့ အလကားပါပဲ။
It's pointless to complain.
400
ငါကြိုးစားခဲ့သမျှ အချည်းနှီးပဲ။
All my efforts have been in vain.
401
အချစ်ဆိုတာ အသွားအပြန်ရှိတယ်။
Love is a two-way street.
402
သူ့ကို ကြိတ်ပြီး သဘောကျနေသူတွေ အများကြီးရှိတယ်။
She has many secret admirers.
403
နေ့တစ်ဝက်လောက်ကတော့ ကားလမ်းပေါ်မှာ ပိတ်မိနေတာနဲ့ ကုန်သွားတယ်။
I lost half of the day getting stuck in traffic jams.
404
မင်း ပထမဆုနဲ့ ထိုက်တန်ပါတယ်။
You deserve the first prize.
405
သူ စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန်အောင်ခဲ့တယ်။
He passed the exam with flying colours.
406
ခမ်းနားတဲ့ စားသောက်ဆိုင်တွေမှာ ညစာစားတာ အကုန်အကျများတယ်။
It is costly to dine at fancy restaurants.
407
ငါဟာ pub တို့ bar တို့ သွားတဲ့အကျင့်မရှိပါဘူး။
I am not in the habit of going to pubs or bars.
408
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်။
I want to stand on my own feet.
409
ငါ့ရဲ့ အင်္ဂလိပ်စာက မသုံးတာကြာတော့ သံချေးတက်နေပြီ။
My English is a bit rusty.
410
ငါ့ရဲ့ အင်္ဂလိပ်စာ ပြန်ကောင်းလာအောင် ပေါလစ်တင်ပေးရမယ်။
I need to polish up on my English.
411
အင်္ဂလိပ်လိုမပြောရတာ ကြာရောပေါ့။
I haven't spoken in English for ages.
412
ဝန်ထမ်းအသစ်လေးက အလားအလာတော်တော်ရှိတယ်။
The new staff has a huge potential.
413
သူ့ရဲ့ရှေ့မှာ တောက်ပတဲ့ အနာဂါတ်ရှိတယ်။
He has a bright future ahead of him.
414
သူက အရိပ်ပြအကောင်မြင်တတ်တဲ့သူ။
He is quick on the uptake.
415
ဒီကောင်တော်တော်နဲ့ အထာမပေါက်ဘူး။ ထူတဲ့ကောင်။
He is slow on the uptake.
416
အား...နာလိုက်တာ။
Ouch! That hurts.
417
မင်း ရွဲ့ပြောနေစရာမလိုပါဘူး။
You don't have to be sarcastic.
418
မင်း ဘာသဘောဦးတည်ပြောနေတာလဲ ငါမသိဘူး။
I don't know what you're driving at.
419
အစကောင်းမှ အနှောင်းသေချာ။
A good beginning makes a good ending.
420
မင်းဟာ မင်းစားတဲ့အတိုင်းဖြစ်မှာပဲ။
You are what you eat.
421
သူပြောတာကို အရမ်းကြီးအလေးအနက်ထားမနေပါနဲ့။
Don't take what he said too seriously.
422
သူဟာ ငကြောင်ကောင်ပဲ။
He is an idiot.
423
မင်းရူးနေတာလားကွာ။ ဒါကို မလုပ်ခဲ့သင့်ဘူး။
Are you nuts? You shouldn't have done it.
424
သူ့ရဲ့ ဝမ်းနည်းစရာဇာတ်လမ်းကြောင့် ငါစိတ်ထဲမှာ ခံစားရတယ်။
I was touched by her sad story.
425
ရုပ်ရှင်ကြည့်ရင်း စိတ်ထိခိုက်လို့ မျက်ရည်ကျတယ်။
The movie has moved me to tears.
426
ဒီစာအုပ်ဟာ ဆူလွယ်နပ်လွယ်စာအုပ်မျိုး။ ၁၀၀ ဖိုး ၃ ပုဒ် စာအုပ်။
This book is just a pot boiler.
427
မင်းအတည်ပြောနေတာမဟုတ်ဘူးမလား။
You can't be serious!
428
ရှင်းပြဖို့ခက်တယ်။
It's hard to explain.
429
ဒီလိုပြောကြည့်မယ်ကွာ။
Let me put it this way.
430
ငါမနေ့ညက အိပ်မပျော်ဘူး။
I had a white night last night.
431
မနေ့ညက တစ်ညလုံးအိပ်မရဘူး။
I couldn't sleep the whole night last night.
432
သူက ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတယ်။
He fell asleep as his head touched the pillow.
433
ငါအိမ်ပြန်ရောက်တော့ မင်းက ကောင်းကောင်း အိပ်မောကျနေပြီ။
You were fast asleep when I got home.
434
ကောင်းကောင်း အိပ်ပျော်ပါတယ်။
I had a sound sleep.
435
ငါမနက် ၅ နာရီ နှိုးစက်ပေးထားတယ်။
I set the alarm at 5 a.m.
436
နှိုးစက်မလာလို့ မထနိုင်ပဲ ပိုအိပ်မိသွားတယ်။
I overslept as the alarm didn't go off.
437
ငါ့ကို မနက် ၅ နာရီမှာ နှိုးပေးပါလား။
Can you wake me up at 5 a.m.?
438
သူဟာ မိုက်ကရိုဖုန်းကို ဆွဲယူပြီး ဟဲတော့တာပဲ။
He grabbed the mike and started crooning.
439
ငါ ရုံးတက်ရုံးဆင်းကားလမ်းကျပ်ချိန်ကို ရှောင်တယ်။
I avoid rush hour.
440
ငါ ခဏခဏ ထပ်မပြောချင်ဘူးကွာ။
I hate to repeat myself.
441
သူ ထိပ်မှာ ဆံပင်ပါးနေပြီ။
He is thinning on top.
442
ပြဿနာကို သေးတုန်းမှာ အပြတ်ရှင်းလိုက်ပါ။
Nip it in the bud.
443
မင်းနဲ့ငါ တစ်ချိန်မှာ ပြန်ဆုံကြမယ်လို့မျှော်လင့်ပါတယ်။
I hope our paths will corss again.
444
ငါ့နာရီ ၅ မိနစ်မြန်နေတယ်။
My watch is gaining 5 minutes.
445
ငါ့နာရီ ၅ မိနစ် နောက်ကျနေတယ်။
My watch is losing 5 minutes.
446
ငါ့နာရီအချိန်မှန်တယ်။
My watch keeps good time.
447
မင်းဟာ အမြဲဆင်ခြေနဲ့အပြည့်။
You are always full of excuses.
448
အခုလုပ်ရင်လုပ် မလုပ်ရင် ဒီအခွင့်အရေးဘယ်တော့မှ ပြန်မရတော့ဘူး။
It's now or never.
449
ဒီကောင်တော်တော်ကြွားတဲ့ကောင်။
He is such a show-off.
450
ငါ လူသတိမထားမိအောင် ခပ်ကုပ်ကုပ်ပဲနေချင်တယ်။
I like to keep a low profile.
451
ဒီကောင်ဟာ လူလိမ်ကောင်ပဲ။
He is a fraud.
452
အဲဒီစားသောက်ဆိုင်က ဈေးကြီးလွန်းပါ့။
That restaurant is way over-priced.
453
သူ ဘာမှကိုမလုပ်ပဲ အဲ့ဒီမှာထိုင်နေတယ်။
He just sat there doing nothing.
454
သူကလက်ချောင်းလေးတောင်မကြွဘူးလေ။
He didn't even lift his finger
455
သူဟာ ရေသာခို အချောင်သမားပဲ။
He is a shirk.
456
သူ့ရဲ့ တာဝန်တွေကို အမြဲရေသာခိုတတ် ရှောင်တတ်တယ်။
He always shirks his responsibilites.
457
ထပ်ပြီးအချိန်ဆွဲမနေတော့ပဲ ချက်ချင်းလုပ်ပါ။
Please do it wihout any dealy.
458
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။
It takes two to tango.
459
ငါတော့ ဒီ သီအိုရီ ကို လုံးဝနားမလည်ဘူး။
This theory is beyond my understanding
460
မင်းပြောနေတာတွေ ဘယ်သူမှ နားမထောင်ကြဘူး။
Your words have fallen on deaf ears.
461
အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းစရာကြီး။
It's so boring to stay home alone.
462
သူအံ့သြဝမ်းသာသွားတယ်။
She was pleasantly surprised.
463
ပိုက်ဆံကစကားပြောတယ်လေ။
Money talks.
464
မင်း သူနဲ့ အမျိုးတော်လား။
Are you related to him?
465
မင်းသူနဲ့ ဘယ်လိုတော်တာလဲ။
How are you related to him?
466
အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်။
Genuine love is hard to find.
467
သူဟာ အပေးအကမ်းရက်ရောတယ်။
He gives generously.
468
မင်းနဲ့ မတည့်တဲ့ ဆေးရှိလား။
Are you allergic to any medicine?
469
သူအားလူးနဲ့ မတည့်ဘူး။
Potato doesn't agree with him.
470
မင်းဒါကို အစိမ်းစားလို့မရဘူး။ ချက်ရမှာ။
You can't eat it raw; you need to cook it.
471
ပေါင်မုန့်က သူ့ချည်းကို ကောင်းနေပြီ။ ထောပတ်မလိုဘူး။
The bread is good on its own; no butter's needed.
472
မြန်မာနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူတယ်။
I am proud to be a Burmese.
473
ဝမ်းနှုတ်ဆေးတွေ နေ့တိုင်းမသောက်ပါနဲ့။
Don't take laxatives every day.
474
အာဏာကြောင့် လူတွေ ပျက်စီးကြတယ်။
Power corrupts people.
475
အကျင့်စာရိတ္တခြစားခြင်းရဲ့ အကြောင်းအရင်းကတော့ ပိုက်ဆံမရှိလို့ဖြစ်တယ်။
Lack of money is the root of corruption.
476
သူ့ဘေးမှာထိုင်နေတာ ဘယ်သူလဲ။
Who is the person sitting beside him?
477
မင်းတော့ အမှုန့်ကြိတ်ခံရတော့မယ်။
You are grounded!
478
ဒီလိုစိန်ခေါ်မှုမျိုးတွေကို ကြိုက်တာ။
I like this sort of challenge.
479
ငါ ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျှော့ဘူး။
I never give up easily.
480
သူ့ ပါးစပ်ကနံတယ်။ အာခံတွင်း အနံ့ပျောက်ဆေး သုံးသင့်တယ်။
He has a bad breath; he should use some mouth spray.
481
သူ့ ချွေးနံကတော်တော်ပြင်းတယ်။ ချွေးနံ့ပျောက်ဆေး သုံးသင့်တယ်။
He has a strong BO; he should use some deodorant.
482
သူဟာ နှစ်ထပ်အိမ်မှာနေတယ်။
He lives in a two-storey house.
483
သူနေတဲ့ တိုက်ခန်းက မကြီးပါဘူး။
The apartment he lives in is not big.
484
အိပ်ခန်းကတော့ တော်တော်လေး ကျယ်သား။
The bedroom is quite spacious, though.
485
သူဟာ ဖုန်းကို မပြန်တမ်းတောက်လျှောက်သုံးနေတော့ ဘက်ထရီမြန်မြန် ကုန်တာပေါ့။
As he uses his phone continuously, the battery drains fast.
486
ဒီနေ့ခေတ်ကြီးမှာတော့ ပစ္စည်းတွေအားလုံးကို တရုတ်ပြည်တွင် ပြုလုပ်သည် ပါ။
Everything is made in China these days.
487
သူ စာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်တယ်။
He reads widely.
488
အလုပ်များလွန်းလို့ ဘာစာမှမဖတ်နိုင်ပါဘူး။
I am too busy to read anything.
489
မင်းက လူလွတ်လား၊ အိမ်ထောင်နဲ့လား။
Are you single or married?
490
လူပျိုလူလွတ်ဖြစ်လို့ သူ့မှာ မိအိုဖအိုတွေကို ဂရုစိုက်ဖို့ အချိန်ပိုရတယ်။
As a single, he has more time to look after his old parents.
491
အဲ့ဒီကိစ္စ ငါနဲ့ ဘာမှမဆိုင်။
I have nothing to do with it.
492
မင်းတို့တွေ ခရီးထွက်ကြမလို့လား။ ငါ့လည်း စာရင်းထဲထည့်တွက်ပါ။
Are you guys going on a trip? Count me in.
493
ငါ့ကို ထည့်မတွက်နဲ့။ လုပ်စရာတွေ အများကြီးရှိနေလို့။
Count me out. I have a lot of work to do.
494
ခေတ်တွေက မတူတော့ဘူး။
Times are changing.
495
ရှေးဟောင်းနှောင်းဖြစ်လေးတွေပြောရအောင် တွေ့ကြရအောင်လား။
Let's meet, for old time's sake.
496
မင်းရဲ့ အကျိုးအတွက်ပြောနေတာပါ။
I am telling you for your own sake.
497
စာကျယ်ကျယ်ပြန့်ပြန့်ဖတ်၊ လေးလေးနက်နက်တွေး ပြီးတော့ သေသေချာချာ နားစိုက်ထောင်။
Read widely, think deeply and listen carefully.
498
အရင်ကတော့ ဆေးလိပ်အရမ်းသောက်ခဲ့ဖူးတယ်၊ ခုတော့ မသောက်တော့ပါဘူး။
I used to smoke heavily, but I don't smoke anymore.
499
မင်းအရမ်းစားရင် ဝိတ်တက်လိမ့်မယ်။
You will gain weight if you eat a lot.
500
ငါ ဒီကစ္စမှာ ကူညီချင်ပေမယ့် ဘာမှမလုပ်ပေးနိုင်ပါဘူး။
My hands are tied.